Thursday, November 27, 2008

ဒီကျောင်းတွေ ဒီလိုရှိကြပါတယ် -Private ACCA School

စင်ကာပူမှာ ကျောင်းလာတက်ချင်တဲ့သူတွေ အတွက် ကျွန်တော် လက်လှမ်းမီသလောက် သိနိုင်သလောက် ကျောင်းတွေရဲ့အကြောင်းနဲ့ link တွေကို အောက်မှာဖော်ပြထားပါတယ်။
အရင်ဆုံး Private ကျောင်းတွေက စပြီးကျွန်တော်သိသလောက်ပြောပြပါမယ့်။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဖြစ်ခဲ့ဖူးပါတယ်။ ဒီမှာ Private ဆိုရင် ဗမာကျောင်းသားတွေ အဓိကတက်ကျတာ ACCA ပါပဲ။ ဘာလို့လည်းဆိုတော့ စာသင်ချိန်နည်းတယ်၊ ဖိစီးမှုနည်းတယ်၊ ဈေးသက်သာတယ်(သင့်တော်တယ်ဆိုရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်)
ထင်ရှားတဲ့ ACCA ကျောင်းတွေကတော့

FTC Kaplan

င်္်FTC က တကယ်စာသင်ချင်တဲ့သူတွေ အတွက်ကော၊ အလုပ်ရှာချင်တဲ့သူတွေအတွက်ကော သင့်တော်တဲ့ကျောင်းပါ။ စာအသင်အပြကောင်းတဲ့ ဆရာတွေရှိတယ်။ နေရာကလည်း အချက်အချာကျတဲ့ မြို့လယ် Orchard, Somerset နားမှာ။ အဲဒီကျောင်းကနေပဲ medal ချိတ်တဲ့ကျောင်းသားတွေ ထွက်သွားခဲ့တယ်။ နောက်ပြီးတော့ အဲဒီ့ကျောင်းမှာ ကျောင်းသားတွေရဲ့ Attendance အတွက် Card system ကိုသုံးတယ်လို့ပြောကြပါတယ်။ ဘယ်သူကမှလည်း နာမည်ခေါ်တာတွေ လူစစ်တာတွေ မလုပ်တော့ အလုပ်ရှာချင်တဲ့သူတွေ အတွက်လည်း OK ပါပဲ။ အတိအကျသိချင်ရင်တော့ ဒီအောက်မှာ link ပေးထားပါတယ်။

Related link
http://www.ftckaplan.com.sg/acca/

SAA

နောက်တခုက SAA လို့ခေါ်တဲ့ Singapore Accountancy Academy ပါ။ Private လို့ပြောပေမယ့် Government နဲ့ ဆက်သွယ်မှုရှိတယ်လို့ ထင်ပါတယ်။ စာသင်တော်တော်ကောင်းတယ် Audit subject မှာ တော့ FTC ထက်တောင်ပိုကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ပြဿနာက အရမ်းစည်းကမ်းကြီးတယ်။ ကျောင်းလစ်ပြီး အင်တာဗျုးသွားဖြေဖို့ ခက်ခဲတယ်လို့ပြောကြပါတယ်။ တကယ် စာသင်ချင်တဲ့သူတွေ အတွက်တော့ သင့်တော်တဲ့ကျောင်းပါ။

Related link
www.saa.org.sg


AEC
ရှိသမျှသော ACCA ကျောင်းတွေထဲမှာ ဈေးအသက်သာဆုံးကျောင်းပါ။ ဒါပေမယ့် စိတ်ညစ်စရာအကောင်းဆုံးကျောင်းအဖြစ်လည်း ကျွန်တော်က သတ်မှတ်ချင်ပါတယ်။ စာတကယ်မယ်မယ်ရရ မသင်ပါဘူး ဒါပေမယ့်လွတ်လွတ်လပ်လပ်နေရလားဆိုရင်တော့ အရမ်းရစ်တဲ့ကျောင်းပါ။ အဲ ကျောင်းတက်နေရင်းများ အလုပ်ရသွားမယ်ဆိုရင်တော့ ကြောက်တတ်မယ့်သူများ အလွန်အင်မတန်စိတ်ညစ်ရပါလိမ့်မယ်။ ကျောင်းလာမတက်ရင် ရဲတိုင်မယ် Student pass ကို cancel လုပ်မယ်ဆိုတဲ့စာတွေကို မုန်းလောက်အောင်ပို့ပါလိမ့်မယ်။ ငွေရေးကြေးရေး အခက်အခဲရှိလို့ကလွဲလို့ မရွေးပါနဲ့။

Related link
www.aec.edu.sg

FTMS

ဒီကျောင်းကလည်း ထင်ရှားပေမယ့် ကျွန်တော်ဒီကျောင်းရဲ့အကြောင်းကိုသိပ်မသိပါဘူး။ သိတာက Raffles Place နားမှာရှိတယ် ဈေးကြီးတယ်။ဒါပါပဲ သေချာသိဖို့ လေ့လာချင်တယ်ဆိုရင်တော့

http://www.ftmsglobal.com/

No comments:

Post a Comment