Friday, November 28, 2008

စင်္ကာပူမလာခင်စဉ်းစားသင့်သောအချက် ၁

စင်္ကာပူမလာခင်စဉ်းစားသင့်သောအချက်များထဲမှ အရေးအကြီးဆုံးသောအရာကတော့ ငွေကြေးဖြစ်ပါတယ်.
ကျောင်းသားတစ်ယောက်အတွက် တစ်လကုန်ကျစရိတ်က ခန့်မှန်းခြေအနေနဲ့ ၈၀၀ - ၂၀၀၀ ကြားရှိတယ်လို့ wet page တစ်ခုမှာရေးသားထားတာတွေ့ရဖူးပါတယ်. (ကျောင်းစရိတ် မပါဝင်ပါ)
၁) နေထိုင်စရိတ်.

၃၅၀ - ၅၀၀ ကြားရှိတတ်ပါတယ်. ပတ်ဝန်းကျင်အနေအထား. လမ်းပန်းဆက်သွယ်ရေးတွေပေါ် အခြေခံပြီး အိမ်ခန်းစရိတ်တွေကတော့ ကွာသွားမှာဖြစ်ပါတယ်. ကျောင်းကဘော်ဒါဆောင်မှာနေရင် ပိုဈေးကြီးတတ်ပါတယ်. ၁၂၀၀ လောက်ပေးရတာတွေ့ဖူးပါတယ်။

၂) အစားအသောက်စရိတ်

၃၀၀-၄၅၀ ကြား. တနေ့ စရိတ် အနဲဆုံး ၁၀-၁၅ ရှိတတ်ပါတယ်.

၃) ကားခ. ရထားခ (MRT) စရိတ်

၆၀ - ၁၀၀ ကြား။ ကျောင်းနဲ့အနီးအဝေးပေါ်မူတည်ပါတယ်.

၎) ဖုန်းခ

ဖုန်းခကတော့ အနဲဆုံး ၂၅- ၁၀၀ ကျော်ကျော် အထိရှိပါတယ်. စကာင်္ပူနိုင်ငံရဲ့ အဓိက ဆက်သွယ်ရေး လုပ်ငန်းကြီး ၃ခု ထဲမှာ SingTel , M1 ကဈေးကြီးပါတယ်. Singtel က minute ပေါ်မှာ ဖုန်းခတွက်တာ မို့လို့ ဈေးကြီးပါတယ်. ဒါပေမယ့်အကောင်းဆုံး လိုင်းတစ်လိုင်းပါ။ Starhub ကတော့ ဈေးအသင့်အတင့်ရှိပါတယ်။ second ပေါ်မှာပဲ ဖုန်းခတွက်တာမို့လို့ ကိုယ်သုံးသလောက်ပဲ ဖုန်းခကျမှာဖြစ်ပါတယ်. M1 ကတော့ ဖုန်းခက မနက်နဲ့ည တောင် တွက်တာမတူပါဘူး။

၅) အ၀တ်အစားခ

အ၀တ်အစားအသုံးစရိတ်ကတော့ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ အသင့်အတင့် အ၀တ်တစ်ထည်က အနဲဆုံး ၂၅-၃၀ ၀န်းကျင်ရှိပါတယ်။

၆) ကျန်းမာရေး. အာမခံကြေး

၅-၃၀၀.. အာမခံ ပေါ်လစီ အရ အပြောင်းအလဲရှိနိုင်ပါတယ်။

၇) စာရွတ်စာတမ်း စာရေးကိရိယာ စရိတ်.

စာအုပ်တွေက စင်္ကာပူမှာဈေးကြီးတာကြောင့် ၃၀- ၁၅၀ လောက်ရှိနိုင်ပါတယ်။

၈) အထွေထွေစရိတ်..

အထွေထွေစရိတ်အနေနဲ့တော့ ၁၀၀- ၂၀၀ ကြားလောက်ကုန်ပါတယ်။ ရုပ်ရှင်ကြည့်ရင်ပဲ လက်မှတ်တစ်စောင်ကို ၁၀ နူန်းရှိပါတယ်.

No comments:

Post a Comment