Thursday, November 27, 2008

ကျောင်းတက်ဖို့လား အလုပ်လုပ်ဖို့လား

ဒီမှာလာကြတဲ့ မြန်မာလူငယ်တွေရဲ့ အဓိကတွေဝေမှုကတော့ အဲဒီ ကျောင်းတက်မှာလား အလုပ်လုပ်မှာလားဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ တချို့တော့ ကျောင်းတက်ရင်းအလုပ်လုပ်မယ်လို့ဖြေကြပါလိမ့်မယ်။ အဲဒီလိုဆိုရင်နောက်ထက်မေးခွန်းက ဘယ်ကျောင်းတက်မှာလဲ။
Private လား Government ကျောင်းလား။ Private ကျောင်းတွေက ၀င်ခွင့်ရဖို့လွယ်ပါတယ် ဒါပေမယ့် အလုပ်လုပ်လို့မရဘူး(ခိုးလုပ်ကြတာကလွဲလို့ မိသွားရင်လည်းချက်ချင်းပြန်လွှတ်ပြီး နောက်တခေါက်ပြန်လာလို့မရတော့ပါဘူး)။ အဲ Government ကျောင်းကတော့ အလုပ်လုပ်လို့ရတယ် ၀င်ခွင့်ရဖို့ခက်တယ်။ နောက်ပြီး ကျောင်းတက်နေရင်း အလုပ်ရှာရတယ်ဆိုတာကလည်း အရမ်းလွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒီမှာ အလုပ်ကလည်းမရ တစ်လတစ်လလည်း စရိတ်ကုန်၊ စိတ်ညစ်တော့ကျောင်းစာကလည်း ဘာမှန်းမသိဆိုတဲ့ ဝေလေလေဖြစ်နေရတဲ့ဗမာတွေ အများကြီးပါ။ အကောင်းဆုံးကတော့ ကျောင်းပြီးအောင်တက်ပြီးမှ အလုပ်လုပ်တာပါပဲ။ ဒါပေမယ့် စရိတ်ကလည်း မနည်းပဲကိုး။ အဲဒီတော့ ဘာလုပ်မှာလဲ ဘာဖြစ်ရင်ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ဆုံးဖြတ်ချက်တွေကို ထွက်မလာခင်ကတည်းက စဉ်းစားလာဖို့လိုပါလိမ့်မယ်။

No comments:

Post a Comment