Friday, November 28, 2008

ဒီကျောင်းတွေ ဒီလိုရှိကြပါတယ် - Government University and Poly

ဒီ စင်ကာပူမှာ အစိုးရကဖွင့်ထားတဲ့ ကျောင်းတွေကတော့ တကယ်ပညာလိုချင်သူတွေအတွက် ပညာရေးကော နောင်ရေးအတွက်ပါ အကောင်းဆုံးပါ။ ဒါပေမယ် ခက်တာကတစ်ခုပဲ ရှိပါတယ်။ အဲဒါဝင်ခွင့်ပါ။ ၀င်ခွင့်ရဖို့ခက်ပါတယ် (ခက်တယ်ဆိုတာ Private ကျောင်းတွေလို ခုတက်ချင်ခုမရတာကိုဆိုလိုတာပါ) စရိတ်ကလည်း တော်တော်ကုန်ပါတယ်။ အစိုးရကျောင်းတွေကို ကျွန်တော် သုံးမျိုးခွဲပြီးပြောပြချင်ပါတယ်။ ပထမဆုံးတစ်ခုက University ပါ။

(1)University

တက္ကသိုလ်တွေက ကျောင်းပြီးရင် ဘွဲ့လက်မှတ် Degree ပေးပါတယ်။ ဒီကတက္ကသိုလ်တွေဟာ အာရှမှာကော ကမ္ဘာမှာ ပါထင်ပေါ်ကျော်ကြားပြီး နာမည်ကောင်းရကြပါတယ်။ SMU ဆိုရင် အကောင်းဆုံးကျောင်းဆယ်ခုစာရင်းထဲမှာတောင် သတ်မှတ်ခံရပါတယ်။ဝင်ခွင့်ရဖို့ကလည်းခက်ခဲပါတယ်။ စင်ကာပူနိုင်ငံသားတွေကိုယ်တိုင်မှာ Degree ဘွဲ့ရဆိုတာတော်တော် ရှားပါးပါတယ်။ ကျွန်တော်သိသလောက်ဝင်ခွင့်လိုအပ်ချက်က GCE A level နဲ့ပြီးရမယ်။ စရိတ်ကလည်းတော်တော်ထောင်းမှာပါ။ ငွေလည်းတတ်နိုင်တယ် စာလည်းတော်တယ်ဆိုတဲ့သူတွေအတွက်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲ။ ဒီက University တွေရဲ့ list ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

SMU(Singapore Management University)

ကျောင်းကမြို့လယ် City Hall နားမှာပါ။ ဗမာတွေစုတဲ့ Pennisula နဲ့နီးနီးလေးပါ။ အသေးစိတ်ကိုသိချင်ရင်တော့

www.smu.edu.sg

NTU(Nanyang Technological University)

နောက်တစ်ခုက NTU ပါ။ ထင်ရှားကျော်ကြားတဲ့ကျောင်းတစ်ခုပါပဲ။ Boon Lay နားမှာရှိတယ်လို့သိရပါတယ်။ အတိအကျထက်ပြီးသိချင်ရင်တော့

www.ntu.edu.sg


SIM(Singapore Institute of Management)

နောက်ထပ်ကျွန်တော်သိတာတစ်ခုက SIM ပါ။ ကျောင်းကောင်းတစ်ခုလို့ဆိုကြပါတယ်။ နေရာက Clementi Road ပေါ်မှာရှိပြီး သွားလာရတာကတော့ နည်းနည်းခက်ခဲပါတယ်။

www.sim.edu.sg

NUS(National University of Singapore)

NUS ရဲ့ Campus ကသုံးနေရာခွဲပြီးရှိပါတယ်။ Kent Ridge, Outram နဲ့ Bukit Timah ပါ။ အတိအကျသိချင်ရင်တော့

www.nus.edu.sg


(2) Polytechnics

ဗမာကျောင်းသားတွေကို တွေ့ရတာများတဲ့ ဗမာတွေအတက်များတဲ့ကျောင်းကတော့ Poly ပါပဲ။ ကျောင်းပြီးရင်တော့ Diploma ပဲပေးပါတယ်။ ဒီကစင်ကာပူတွေတော်တော်များများကလည်း Poly က Diploma လက်မှတ်ပဲရကြတာများပါတယ်။ အလုပ်ကောင်းကောင်းဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့သူတွေကို အလုပ်ရတာနဲ့ PR ချက်ချင်းခွင့်ပြုပါတယ်(ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်)။ ၀င်ခွင့်ကတော့ GCE 'O' Level ပါ။ ၁၀တန်းအောင်ကျောင်းသားတွေအတွက် Poly ၀င်ခွင့်ကို မြန်မာပြည်မှာပဲ RV လိုကျောင်းတွေက Training သင်တန်းတွေပေးနေပါတယ်။

Singapore Poly

Dover မှာရှိတာပါ။ စင်ကာပူက ပထမဦးဆုံး Polytechics လို့လည်းဆိုပါတယ်(တိတိကျကျတော့ ကျွန်တော်မသိပါဘူး)။

www.sp.edu.sg

Temasak Poly

ဗမာတွေအသိများကြမယ့် နှစ်တိုင်းသင်္ကြန်မှာ TP Thingyan ဆိုပြီးပွဲလုပ်တဲ့ကျောင်းပါ။ Tampines မှာရှိပါတယ်။ မြို့ရဲ့အရှေ့ဘက်ခြမ်းမှာပါ။

www.tp.edu.sg

Ngee Ann Poly

နေရာကတော့ Clementi Road ပေါ်မှာရှိပြီး SIM နဲ့ ကပ်လျက်ရှိပါတယ်။

www.np.edu.sg

Nanyang Polytechnic

နေရာက Yio Chu Kan နားမှာရှိပါတယ်။ အလယ်နားတ၀ိုက်မှာရှိတယ်လို့ဆိုရမှာပေါ့။

www.nyp.edu.sg

(3) ITE College

ITE Collge ကျောင်းတွေဟာ စင်ကာပူနိုင်ငံရဲ့ နေရာသုံးခုခွဲရှိပါတယ်။ အစိုးရကျောင်းပါ။ College ပေါ်မှာမူတည်ပြီး ပို့ချတဲ့ ဘာသာတွေကွဲပါတယ်။ စရိတ်ကတော့ တခြားအစိုးရကျောင်းတွေထက် နည်းနည်းသက်သာပါတယ်။ Diploma ပေးပါတယ်။ ITE ကျောင်းသားတွေအတွက် အပိုအခွင့်အရေးတွေကို အစိုးရကပေးထားပါတယ်။ တစ်ရက်ကို MRT ၂ခေါက်အလကားစီးလို့ရပါတယ်။ ပြီးတော့ ဈေးကိုလည်းလျှော့ပေးပါတယ်။ အတိအကျသိချင်ရင်တော့

www.ntu.edu.sg

No comments:

Post a Comment